မိုးညို ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ အလွတ်တန်းဖူဆယ်ဘောလုံးအသင်း (၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာသော Second Family အသင်းနှင့် Ever Plus အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ Second Family အသင်းက ၈ ဂိုး ၃ ဂိုးဖြင့် ပထမဆုရရှိခဲ့သည်။
ဆက်လက်၍ ဆုများကိုချီးမြှင့်ရာ ပထမဆုရရှိသော Second Family အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက ဆုချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော Ever Plus အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းကလည်းကောင်း၊ တတိယဆုရရှိသော YGW အသင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးအောင်မင်းနိုင် (ဓာတ်ပုံကျွမ်းကျင်-၂) ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)