ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံ

ရွှေကူ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများ အား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဆရာမများက ကာကွယ်ဆေးမထိုးမီ၊ ကာကွယ်ဆေးထိုးနှံရန်မသင့်သည့်အခြေအနေများနှင့် ဆေးထိုးပြီးသည့်အခြေအနေများတွင် ဖြစ်‌ပေါ်တတ်သည့် လက္ခဏာများကို အသေးစိတ်ရှင်းလင်းဟောပြော အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မိဘအုပ်ထိန်းသူများထံမှ မိမိတို့၏သားသမီးများအား ကာကွယ်ဆေးထိုးနှံရန် သဘောတူညီမှုရယူကာ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးစုရပ်တွင် မိနစ်(၃၀)ခန့် မဖြစ်မ‌နေစောင့်ဆိုင်းကြည့်ရှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်