ကျိုက်လတ် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန် မြတ်စွာဘုရားကြီး၌ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲသို့ မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက် သစ်မှ ဆရာတော်ဉူးဉာဏတိက္ခနှင့် ပင့်သံဃာတော်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဉူးဉာဏတိက္ခထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်သံဃာတော်များက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျ သံဃာတော်ကစ၍ ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၃ ရက်နေ့မှ တပို့တွဲလဆန်း ၈ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်