နွားထိုးကြီးမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

နွားထိုးကြီး   ဖေဖော်ဝါရီ ၁၄

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး Book Club အဖွဲ့ဝင်များက အရာရာမှာယောင်ဝါးဝါးနဲ့ သိသလိုရှိပေရဲ့၊ တစ်ခုမှတော့ ရေရေရာရာနားလည်ကျွမ်းကျင်မှုမရှိဘူး ဒီလိုဆိုရင် ကြီးပွားစရာ သိပ်မမြင်ဘူး၊ စူးစူးစိုက် စိုက်ကြိုးစားလေ့လာပြီး ရအောင်ယူရမယ်၊ ဆရာဝန်ချင်းအတူတူ ပါရဂူဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ အောင်မြင်ထင်ရှားမှုကိုကြည့်လေ အထူးကုတကယ်တတ်ကျွမ်းတဲ့ ပါရဂူဆရာဝန်ကြီးတွေဆိုရင် တစ်နေ့တစ်နေ့ ဝင်ငွေဘယ်လောက်ရှိကြသလဲ တွက်ကြည့်ပေါ့၊ ရိုးရိုးဆရာဝန်လေးတွေ တောမြို့လေးမှာ ဆေးခန်းထိုင်နေကြတာ ဘယ်လောက်ရသလဲ နှိုင်းယုဉ်ကြည့်ပေရော့၊ မိမိလုပ်ငန်းအပေါ် အမြင့်မားဆုံး တန်ဖိုးထားပြီး ကြိုးစား အားထုတ်လုပ်ဆောင်ရမယ်ဟု စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများနှင့်အတူ တစ်ဦးချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်