ကျောင်းကုန်းမြို့၌ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိခင်နှင့်က လေး စောင့်ရှောက်ရေးအသင်းက ကြီးမှုး၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်က မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များ "ပညာရဲရင့်ပွဲလယ်တင့်"စေရန် ယခုလို ကဗျာရွတ်ဆိုပွဲနှင့် တေးသရုပ်ဖော်များ ကျင်း ပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပွဲနှင့် တေးသရုပ်ဖော်ကပွဲသို့ ကိုယ်အားကိုယ်ကိုး "စေတနာ"မူကြိုမှ သားသားမီးမီးများနှင့် ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ သားသားမီးမီးများ ပါဝင်ခဲ့ကြပြီး၊ ကဗျာရွတ်ဆိုပွဲနှင့် တေးသရုပ်ဖော်အပြီးတွင် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပဲနို့ဗူးများနှင့် မုန့်များဝေငှပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)