ရေဖြူ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် (၁)နာရီ အချိန် ေရဖြူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ရွှေဖူးစာမင်္ဂလာခန်းမ၊ စတိုးဆိုင်များ၊ နေအိမ်များတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမင်းဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများနှင့် စက်ရုံအလုပ်ရုံတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန် ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ မီးဘေးအန္တရာယ်တစ်ခုခုကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန် (191) စတေကာအပြားများကိုလည်း ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုမင်းထံမှ သိရသည်။
ခတ္တာ