မိုးကောင်း ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို အကြီးတန်း(၄)အုပ်စု အသင်း(၁၀)သင်း၊ အငယ်တန်း (၄)အုပ်စုဖြင့် အသင်း(၈)သင်းဖြင့်လည်းကောင်း၊ အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို (၃)အုပ်စု အသင်း(၉)သင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ(၁၀)ရက်မှစ၍ အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၁၂) ညနေ(၄)နာရီခွဲတွင် ကျင်းပရာ အငယ်တန်း ပိုက်ကျော်ခြင်း တတိယဆုရရှိသည့် တိုက်စစ်အသင်း၊ ဒုတိယရော်နေဒိုနှင့် ပထမဆုရရှိသည့် မန်ယူ အသင်းတို့အား ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးအေးမြင့်ကလည်းကောင်း၊ အလွတ် တန်းပိုက်ကျော်ခြင်း တတိယဆုရရှိသည့် နဂါးညီနောင်အသင်း၊ ဒုတိယဆုရရှိသည့် ကိုတာအသင်းနှင့် ပထမဆုရရှိသူ မြင့်မိုရ်အသင်းတို့အား ပိုက်ကျော်ခြင်းပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးထွန်းဝေမှ လည်းကောင်း၊ ဖူဆယ်ဂိုးအကောင်းဆုံးဆုနှင့် ဖူဆယ်အားကစားအကောင်းဆုံးဆု ရရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခန့်စည်သူမှ လည်းကောင်း၊ ဖူဆယ် ပထမ၊ ဒုတိယနှင့် တတိယဆုရရှသူများကို မြို့နယ်အား/ကာမှူး ဦးဇော်မင်းလေးမှ လည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)