ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲများ စတင်ဖြေဆို

ကျောက်ဆည် ‌ဖေဖော်ဝါရီ  ၁၄

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင်  ဖေဖော်ဝါရီ(၁၃)နံနက်(၉)နာရီက  အခြခံပညာကျောင်းများတွင် အခန်းဆုံး စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အခန်းဆုံးစာမေးပွဲများဖြေဆိုရာတွင် အခြေခံပညာကျောင်းများမှ KGတန်း၊ Grade-1Grade-2Grade-3Grade-4Grade-5Grade-6Grade-7Grade-8Grade-9 အတန်းများမှ ကျောင်းသား/ကျောင်းသူ (၄၁၁၂၁)ဦး၊ ပုဂ္ဂလိက(မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၄၉၈)ဦး၊ ဘုန်းတော်ကြီးသင်(မူလတန်း၊ အလယ်တန်း၊ အထက်တန်း)ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၃၀၃၈)ဦး  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၆၆၅၇)ဦး စာရင်းရှိဖြေဆိုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)