ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲပြုလုပ်

ရှမ်းရွာသစ်   ဖေဖော်ဝါရီ  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေ ရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးနှင့် အငယ်တန်း စာရေး(အင်အားပြ)ဒေါ်သင်းသင်းလှိုင်တို့က ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ကျောင်းသား ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဘဝ‌ဖြစ်စဉ်အကြောင်း အရာများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတစ်လျှောက်တွင် ပါဝင်သောခေါင်းဆောင်များ မှတ်တမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်အသိပညာပေးဓာတ်ပုံများ၊ လန်ဒန်ရောက်ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ ပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)