သတင်းများ

ဘိုကလေးမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၉)နာရီ ခွဲအချိန်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်းဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ သည်။
ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီ စိုက်ဧက ၃၂၃၅ ဧက စိုက်ပျိုးပြီးစီး
Feb 14,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီစိုက်ဧက ၃၀၇၉ ဧကလျာထားခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၃၂၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကာ ၅၈၉ ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် ၃၆၃၆ ဒသမ ၃၇ ပိဿာထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Pfizer ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၆၈)ဦး ထိုးနှံပြီးဖြစ်
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်သတ်မှတ်၍ Pfizer (Original Strain) ကာကွယ်ဆေးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၁၆)ရက်နေ့မှစတင်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၁၆၈)ဦး ထိုးနှံပြီးကြောင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့၌ ၂၀၂၃-၂-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ စိတ်အေးချမ်းသာစွာဖြေဆို
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Feb 14,2024
စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ၏ မင်္ဂလာရှိစွာ အောင်မြင်ခြင်း စာအုပ်စာဖတ်ဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ် နွေးစပါးပန်းတိုင်အထွက်အနှုန်းရရှိရေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ ကွင်းအမှတ် ၆၄၊ ဟုမ္မလင်းကွင်း၊ ​ဦးပိုင်အမှတ်-၃၇၊ ​တောင်သူ ဦးသန်းဝင်း၏ နွေစပါး တင်း (၁၂၀) အထက် ထွက်ရှိ​ရေး စံပြကွက် (၁၀) ဧက ​နွေးစပါးပန်းတိုင်အထွက်အနှုန်းရရှိရေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲစတင်‌ဖြေဆို
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။
ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ ဖြေဆိုလျက်ရှိ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ဒုတိယနေ့)အဖြစ် အင်္ဂလိပ်စာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများက အောင်ပန်းဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိသည်။