ဟုမ္မလင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ ကွင်းအမှတ် ၆၄၊ ဟုမ္မလင်းကွင်း၊ ဦးပိုင်အမှတ်-၃၇၊ တောင်သူ ဦးသန်းဝင်း၏ နွေစပါး တင်း (၁၂၀) အထက် ထွက်ရှိရေး စံပြကွက် (၁၀) ဧက နွေးစပါးပန်းတိုင်အထွက်အနှုန်းရရှိရေး ကွင်းသရုပ်ပြပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ၂၀၂၃-၂၀၂၄ ဟုမ္မလင်းမြို့နယ်၏ နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဟုမ္မလင်း မြို့နယ် လယ်ယာစီမံခန့်ခွဲမှုရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းလင်းက ဟုမ္မလင်းမြို့နယ်အတွင်း ဆောင်းသီးနှံထွက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဌာနဆိုင်ရာများနှင့် တောင်သူများ၏လယ်ယာမြေစိုက် ပျိုးဧကတိုးချဲ့စိုက်ပျိုးရန် လိုအပ်ချက်များ တင်ပြဆွေးနွေးချက်များအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေကြီးနှင့် ဌာန ဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူ (၃၂)ဦးအတွက် မျိုးစေ့သီးနှံများပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)