ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီ စိုက်ဧက ၃၂၃၅ ဧက စိုက်ပျိုးပြီးစီး

ရေနံချောင်း ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီစိုက်ဧက ၃၀၇၉ ဧကလျာထားခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၃၂၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကာ ၅၈၉ ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျှင် ၃၆၃၆ ဒသမ ၃၇ ပိဿာထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် အောက်တိုဘာလမှ ဇန်နဝါရီလအထိ စိုက်ပျိုးလုပ်ကိုင်ကြရာ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာ၊ အပင်ဖျန်းဆေးနှင့် အလုပ်သမားခအပါအဝင် သွင်းအားစုအရင်းအနှီး ကုန်ကျစရိတ်များပြားသော်လည်း နှစ်စဉ်မပျက် လုပ်ကိုင်လျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လိုအပ်သည့် နည်းပညာများနှင့် ကွင်ဆင်းသရုပ်ပြသခြင်းများကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)