ကသာမြို့၌ ၂၀၂၃-၂-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ စိတ်အေးချမ်းသာစွာဖြေဆို

ကသာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် နှစ်ဆုံးစာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၁၃၉၈၃)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၉၈၃)ဦး ဖြေဆိုသဖြင့် ရာနှုန်းပြည့် ဖြေဆိုနိုင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရှိရသည်။

အခြေခံပညာကျောင်းများအတွက် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)