သတင်းများ

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Feb 14,2024
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်းစာအုပ်” စာဖတ်ဝိုင်းကို ယနေ့နံနေ့(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်းသိရသည်။
တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ထပ်ဆောင်းထိုးနှံ
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမနှင့် မြို့နယ်စည်ပင်သာယာရေးရုံးတို့၌ ဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်  စာဖတ်ဝိုင်း ပြုလုပ်
Feb 14,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်  စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နွေစပါးအထွက်နှုန်း တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့သည် နွေစပါးစိုက်ပျိုးရေးစီမံကိန်းစိုက်ပျိုးခင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လယ်ဦးစုကျေးရွာအုပ်စု စိုက်ပျိုးမြေများသို့ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတိမူရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်က စက်ရုံ၊ အလုပ်ရုံများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သူနာပြုသင်တန်း​ကျောင်း(ရွှေဘို)အပတ်စဥ်(၃) သူနာပြု-သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Feb 14,2024
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတွင် အပတ်စဥ်(၄)ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှေ့ရွာကျောင်းကြီးကျောင်းတိုက်မှ ဆရာတော်ထံသို့ နဝကမ္မဝတ္တုငွေနှင့် မီးသတ်ဆေးဘူးလှူဒါန်း
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်  ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်မိုး၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးသာဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရှောလီဝိုင်းရပ်ကွက်ရှိ အရှေ့ရွာကျောင်းကြီး ကျောင်းတိုက်မှ ဆရာတော်ထံသို့ သွားရောက်၍ နဝကမ္မအလှူငွေနှင့် 3KG မီးသတ်ဆေးဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းအား ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။