ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲစတင်‌ဖြေဆို

ကရသူရိ ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများကို  ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးကျောင်းတွင်းစစ်စာမေးပွဲကြီးကို (Grade-4Grade-6 Grade-7 Grade-8Grade-10Grade-11 Grade-12) မှ ကျောင်းသား/ သူ (၁၅၆) ဦးက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး (Grade-4)ကျောင်းသား/သူများက တစ်ရက်နှစ်ဘာသာနှုန်း၊ (Grade-6 Grade-7Grade-8Grade-10Grade-11 Grade-12) မှ ကျောင်းသား/သူများက တစ်ရက်တစ်ဘာသာနှုန်းဖြင့် ဖြေဆိုရမည်ဖြစ်သည်။

Grade-5Grade-9 ကျောင်းသား/သူများက နှစ်ဆုံးခရိုင်စစ်/တိုင်းစစ်ဆေးခြင်း စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှစတင်ကာ တစ်ရက်တစ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ အေးချမ်းသာယာအောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရန် ဆရာ/ဆရာမများနှင့် မြို့အဆင့်ဌာန ဆိုင်ရာများက ကျောင်းသား/သူများ၏ လုံခြုံရေးအား ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)