ဒေးဒရဲ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ဒုတိယနေ့)အဖြစ် အင်္ဂလိပ်စာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများက အောင်ပန်းဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း (၂၂၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးလှစိုး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများကိုလည်း ဖေဖော်ဝါရီ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖြေဆိုရက် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း(ပြန်/ဆက်)