သတင်းများ

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ငွေကျပ်သန်း ၄၂၀ကျော်ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၂၁ ရွာတွင် ခွင့်ပြုငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 14,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) နှင့် အမှတ်စဥ် (၁၂) စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ နေပြည်တော်သူနာပြုနှင့် သားဖွားသင်တန်းနှင့် ဓာတ်ခွဲသင်တန်း တက်ရောက်နေကြသည့် သင်တန်းသား/သူများအား ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲ တက်ရောက်
Feb 14,2024
သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော သူနာပြု၊ သားဖွား ဒီပလိုမာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဓာတ်ခွဲသင်တန်း တက်ရောက်နေသော ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအတွက်  နေပြည်တော်ကောင်စီမှ ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ"လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ
Feb 14,2024
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၈ လမ်း၊ ၆၉×၇၀ လမ်းကြားရှိ အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင်  “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ"လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Feb 14,2024
၂၀၂၄ခုနှစ်‌ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ၁၂ရက် နံနက်၇နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် မဟာဝိ‌ဇ္ဇောဒယကျေင်းတိုက်၌ ကျင်းပခဲ့သည်။‌
ပန်းတနော်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး (Max Energy) စက်သုံးဆီ အရောင်ဆိုင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌  Pfizer  ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး
Feb 14,2024
ကရင်ပြည်နယ်၊  မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ် ဆေးများ  အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး၌  Pfizer ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှကြီးမှူးကျင်းပသော ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီခွဲက (ဌ)ရပ်ကွက်၊ စကားဝါလမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ပိုင်  မူကြိုကျောင်းတွင် ကျင်းပသည်။