စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းခရိုင်ရုံး (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် ပူးပေါင်း၍ စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ၏ မင်္ဂလာရှိစွာ အောင်မြင်ခြင်း စာအုပ်စာဖတ်ဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ဦးသန်းနိုင်ထွန်းက  စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ၏ မင်္ဂလာရှိစွာအောင်မြင်ခြင်း စာအုပ်မှ  ဉာတကာနဉ္စသင်္ဂဟော၊ ဂါရဝေါစ၊ နိဝါတောစ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက မိမိတို့လေ့လာဖတ်ရှုထားသည့် ခေါင်းစဉ်များဖြင့် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ    ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ Talk Show များ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ မိုဘိုင်းစာငှားခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဇော်မြင့်နိုင်