ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Pfizer ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၆၈)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည်    ဖေဖော်ဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ  ကူးစက်မှုမရှိစေရေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်သတ်မှတ်၍ Pfizer (Original Strain) ကာကွယ်ဆေးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၁၆)ရက်နေ့မှစတင်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၁၆၈)ဦး ထိုးနှံပြီးကြောင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် Pfizer (Original Strain) ကာကွယ်ဆေး (၇၀၀)ဦးအတွက် ရရှိထားပြီး ကာကွယ်ဆေးများ ထိုးနှံရာတွင်  အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ပြည်သူများအား ဦးစားပေး၍ ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာများနှင့် ပူးပေါင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)