ဝမ်းတွင်း ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတိမူရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်က စက်ရုံ၊ အလုပ်ရုံများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများနှင့် ပတ်သက်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကို မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဆောင်ရွက်ခဲ့ကြပြီး မီးသတိမူရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဌေးလှိုင်(ဝမ်းတွင်း)