ရွှေဘို ဖေဖော်ဝါရီ ၁၄
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုသူနာပြုသင်တန်းကျောင်းတွင် အပတ်စဥ်(၄)ပထမနှစ်သူနာပြု-သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ သပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာရွှေဘိုခရိုင်အတွက် မင်္ဂလာရှိသော ဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပြည်သူလူထုကျန်းမာရေးအဆင့်မြင့်မားစေရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆောင်ရွက်နိုင်ရန် အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူအားကိုးရသော သူနာပြုဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားသင်ယူကြရန် တိုက်တွန်းစကားပြောကြားခဲ့ပြီး၊ သူနာပြုသင်တန်းကျောင်း ပညာရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ သင်တန်းရေးရာများကိုရှင်းပြောကြားခဲ့သည်။ ဆက်လက်၍ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒုတိယသူနာပြုအုပ် ဆရာမကြီးဒေါ်ကြူကြူဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက်၊ ပညာရေးအဖွဲ့ဝင် ဒုတိယသူနာပြုအုပ်မာမီဒေါ်ညိုညိုဇော်ကသြဝါဒစကား မြွတ်ကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ၊ ၄/၂၀၂၄ မောင်မယ်သစ်လွင်များက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များမှ King & Queen ရွေးချယ်ပေးခဲ့ပြီး၊ အားလုံးကိုယ်စားကျောင်းသူတစ်ဦးက ကြိုဆိုပေးသည့်အတွက်ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကရုဏာအလင်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ သူနာပြုအုပ်ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖနှင့် အဖွဲ့ဝင်များ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း