တောင်ငူ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV) ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမနှင့် မြို့နယ်စည်ပင်သာယာရေးရုံးတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါကွယ်ရေးစည်းမျဥ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer Original နှင့် Pfizer Variant Containing Vaccine (VCV)ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ငူခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ နံနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် တက္ကသိုလ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)