သတင်းများ

နောင်မွန်းမြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ
Feb 15,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။
မချမ်းဘောမြို့နယ်တွင် ( ၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ စတင်ဖြေဆို
Feb 15,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့၌ (SH) သတင်းဌာနမှ အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီ တာဝန်ပေး ခန့်အပ်လွှာ ပေးအပ်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် SH သတင်းဌာန (အထူးဟစ်တိုင် သတင်း အေဂျင်စီ၊ ရှုထောင့်/အမှန်တရားသတင်းစုံဂျာနယ်)မှ တည်ဆဲဥပဒေနှင့်အညီ သတင်းအမှန်များ ရေးသားဖော်ပြနိုင်ရေး မှာကြားလမ်းညွန်ခြင်းနှင့် အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီတာဝန်ပေး ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သွားရောက် ဖြည့်ဆည်းဆောင်ရွက်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြ သည်။
ရေကြည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနား ကျင်းပ
Feb 15,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရေကြည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်အခြေစိုက် တော်ဝင်ဧရာကလပ်မှ ရိုးရာလက်ဝှေ့ကျော်သန့်ဇင် ONE Championship MMA အဖွဲ့အစည်းနှင့် လက်တွဲ၍ ထိုင်းနိုင်ငံတွင်ပွဲဦးထွက်ထိုးသတ်မည်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက် တော်ဝင်ဧရာကလပ်၏ ပြယုဂ် ဖြစ်သူ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်းဆုံး လက်ဝှေ့သမားဆုရှင်၊ ၂၀၂၀ ခုနှစ် ကရင်ပြည်နယ် ပထမအောင်လံဆုရှင်၊ ၂၀၂၃ခုနှစ် SKY NET ရွှေအောင်လံဆုရှင်၊ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပသည့် ခွန်ခမာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်နွှဲခဲ့သော သန့်ဇင် (တော်ဝင်ဧရာ) အနေဖြင့် နိုင်ငံတကာမှ ကိုယ်ခံပညာရပ်ပေါင်းစုံ ကစားသမားဖြင့် ကိုယ်ခံပညာရပ်ပေါင်းစုံ ယှဉ်ပြိုင်ပွဲများ၊ မွေထိုင်းလက်ဝှေ့ယှဉ်ပြိုင်ပွဲများ၊ ကစ်ဘောက်ဆင်ပွဲစဉ်များ၊ နပမ်းပွဲများ စီစဉ် ကျင်းပလျက်ရှိသော ONE Championship MMA အဖွဲ့အစည်းနှင့် ယခုနှစ်အတွင်း၌ လက်တွဲစာချုပ်ချုပ်ဆို၍ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ည (၇)နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံတွင် ပွဲဦးထွက် အနေဖြင့် ထိုးသတ်သွားမည်ဖြစ်သည်။
ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်း​ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်‌ရေး လူငယ်လူရွယ် များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းချိန် ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။ ​