မိုးကုတ်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှေ့ရွာကျောင်းကြီးကျောင်းတိုက်မှ ဆရာတော်ထံသို့ နဝကမ္မဝတ္တုငွေနှင့် မီးသတ်ဆေးဘူးလှူဒါန်း

မိုးကုတ် ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်  ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်မိုး၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးသာဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ရှောလီဝိုင်းရပ်ကွက်ရှိ အရှေ့ရွာကျောင်းကြီး ကျောင်းတိုက်မှ ဆရာတော်ထံသို့ သွားရောက်၍ နဝကမ္မအလှူငွေနှင့် 3KG မီးသတ်ဆေးဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် မိုးကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အရှေ့ရွာကျောင်းကြီးကျောင်းတိုက်မှ မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်ဆရာတော်ဘဒ္ဒန္တဩဘာသထံသို့ နဝကမ္မအလှူငွေကျပ်(၅၀၀၀၀)နှင့်  3KG မီးသတ်ဆေးဘူးကို လှူဒါန်းခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆွမ်းစားဆောင်နှင့် သံဃာတော်အဆောင်များသို့ မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးကာ သံဃာတော်များအား မီးသတ်ဆေးဘူးအသုံးပြုနည်းများကို မျှဝေခဲ့ကြကြောင်း သိရသည်။

 ကြည်ကြည်နွဲ့ (ပြန်/ဆက်)