ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မစျေးအနီး၊ ဗိုလ်ချုပ်းလမ်း၌ ယနေ့နံနက် ၉ နာရီခွဲက ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲများစုပေါင်း၍ သေခံပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားသော နေရာများတွင် ဖြန့်ဝေပေးကြသည်။