သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ-ခရမ်းလမ်းမကြီး၊ ကြာနီကန်ရေနုတ်မြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Jul 31,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တတိယအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊ သန်လျင်-သုံးခွ-ခရမ်းလမ်းကြီး၊ ကြာနီ ကန်ရေနုတ်မြောင်းအတွင်းသို့ ငါးသယံဇာတရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွံတေးမြို့နယ်ငါးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။