သတင်းများ

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ အညတရဘိက္ခု(ဗုဒ္ဓဘာသာကျောင်း) ရေးသားသည့် ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့မဈေးကြီးအတွင်း၌ စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲ ကျင်းပ
Jul 30,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပျံကျစျေးသည်များအား စျေးရောင်းချရာတွင် စည်းကမ်းတကျရှိစေရေး ကြီးကြပ်ဆောင်ရွက်
Jul 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးနှင့် သားသတ်ဌာနစိတ်ဝန်ထမ်းများ၊ မြို့မစျေးစည်ကမ်းထိန်းဌာနစိတ်တို့ ပူးပေါင်း၍ စျေးအတွင်းနှင့် စျေးပြင်ပ လမ်းဘေး ဝဲ၊ ယာများရှိ ပျံကျစျေးသည်များအား စည်းကမ်းတကျ စျေးရောင်းချမှုရှိစေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်မည်
Jul 30,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။
မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Jul 30,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တို့တွင် ရောင်းချပေးခဲ့သည်။
နတ်မောက်မြို့နယ်တွင် မိုးတွင်းကာလ မျှစ်ပေါ်ချိန်၌ မျှစ်သိုလှောင်သူများပြား
Jul 30,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ရောင်းချသည့် ဈေးသည်များသည် ယခုမိုးရာသီကာလတွင် ဝါးပင်မှ မျှစ်နုများထွက်သည့်ကာလဖြစ်သောကြောင့် မျှစ်ပေါ်ချိန်ဖြစ်၍ မျှစ်များကို ဝယ်ယူပြီး မျှစ်သိပ်လှောင်သူများပြားလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့၌ မိုးအစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းခူးဆွတ်
Jul 30,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ ရင့်မှည့်လာ၍ အထွက်နှုန်းနှင့် အမြတ်များများရရှိရန်အတွက် ယခု ဇူလိုင်လ နောက်ဆုံးပတ်ကစတင်၍ ရိတ်သိမ်း ဆွတ်ခူးနေကြပြီဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေး
Jul 30,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန် ရည်ရွယ်၍ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁-၈-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်ကြာ စုဖွဲ့ လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀၀) ဦးတို့သည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။