ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဝိုင်းမော် ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုး‌ဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာရေးနှစ် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဝိုင်းမော်မြို့နယ်၊ သာဂရရပ်ကွက်ရှိ မြို့ဝင်ဆိုင်းဘုတ်အား ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ရပ်ကွပ်(၁)၊ အမှတ်(၁၃)လမ်းနှင့် အမှတ်(၁၄) ဆက်စပ်လမ်း (အပိုင်း-၁) (၂၇၀ ပေ × ၁၄ ပေ × ၈ လက်မ) ရှိ ကွန်ကရစ်လမ်း အသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ၏ အထွေထွေပိုလျှံငွေ (GRF) ဖြင့် ခင်းကျင်းလျက်ရှိသော ရပ်ကွပ် (၁)၊ အမှတ် (၁၃)လမ်းနှင့် အမှတ် (၁၄)လမ်းကြား လမ်းသွယ် (၁) အား (၂၇၀ ပေ × ၁၄ ပေ × ၈ လက်မ) ကွန်ကရစ်လမ်း ခင်းကျင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက် (၃) အောင်ချမ်းသားလမ်းတစ်လျှောက် (၆၉၅ ပေ × ၁၄ ပေ × ၈ လက်မ) ရှိ ကွန်ကရစ်လမ်းသစ် ခင်းကျင်းပြီးစီး ထားရှိမှုကိုလည်းကောင်း၊ ရပ်ကွက်(၂)၊ အမှတ် (၃) လမ်း (တပင်ရွှေထီးလမ်းမှ ဒူဝါဇော်လွမ်းလမ်းအထိ) (၃၃၀ ပေ× ၁၄ ပေ× ၈ ပေ)ရှိ ကွန်ကရစ်လမ်း အသစ်ခင်းကျင်းနေမှုကိုလည်းကောင်း ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး  သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)