မိုးနဲ ဖေဖော်ဝါရီ ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာ၌ ယမန်နေ့ညနေပိုင်းအချိန်က စတင့်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ အေရိုးဗစ်၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း စသည့်အားကစားနည်းများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ အဆိုပါအားကစားကွင်းနေရာ၌ ညနေ ၃ နာရီမှ ၅ နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတက်ရန် စာရင်းပေးထားသူများနှင့် စာရင်းပေးရန်ကျန်ရှိသူများလည်း စာရင်းလာရောက်ပေးသွင်း၍ သင်တန်းတက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ