စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၌ လုပ်ငန်းခွင်သုံး ငွေစာရင်းသင်တန်းဖွင့်လှစ်
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာနတွင်းဝန်ထမ်းများအား ဘဏ္ဍာရေး စည်းမျဥ်းနှင့်အညီ စနစ်တကျသုံစွဲဆောင်ရွက်နိုင်စေရန်နှင့် အစီရင်ခံစာများ၊ စီမံချက်များ ရေးဆွဲ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး သာမာန်အသုံးစရိတ်တွင် အသုံးပြုမည့် ဘတ်ဂျက်ခေါင်းစဥ် အမှတ်အသားများ၊ စီမံချက်၊ အစီရင်ခံစာနှင့် လုပ်ငန်းပြီးစီးကြောင်း ထည့်သွင်းရမည့်အဓိကအချက်များဆိုင်ရာ ငွေစာရင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေမျိုးပိုးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။