သတင်းများ

ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓါဘိသေကဘုရား အနေကဇာတင်အခမ်းအနား ကျင်းပ
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မဟာမြတ်မုနိကိုယ်ပွားရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ပွားတော်​လေးဆူတို့အား ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် ဘဒ္ဒန္တဝိဇယ (မဟာကမ္မဌာနာစရိယ)၏ သက်တော်(၉၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အမာမြို့၊ သာသနဝေပုလ္လကာရီ‌ တောရကျောင်းတိုက်၌ ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၄) ရပ်ကွက်ရှိ သာသနဝေပုလ္လကာရီ တောရကျောင်းတိုက်တွင် ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ ပဌာန်းမဏ္ဍပ်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းဖွင့်လှစ်
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းကိုဖေဖော်ဝါရီလ (၂၆) ရက်နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရုံးတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းထမနဲထိုးပွဲ တက်ရောက်အားပေး
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ တပို့တွဲလပြည့်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ချင်း တွင်းခန်းမအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရေဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား စားဆီများရောင်းချပေး
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ယနေ့နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်နေ ပြည်သူများသို့ စားဆီများလျှော့ဈေးဖြင့် ရောင်းချပေးခဲ့သည်။
လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းမြေပဲ ရိတ်သိမ်းပြီးစီး
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော မြေပဲ (၁၂၃၆၁) ဧက ရိတ်သိမ်းပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။