ဒိုက်ဦးမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 25,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းကဒိုက်ဦးမြို့နယ်၏ လူစည်ကားရာနေရာများတွင် ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးထွန်းထွန်းဝင်း ၏ဦးဆောင်လမ်းညွှန်မှုဖြင့်ရဲတပ်ဖွဲ့ဝင်များက အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။