သတင်းများ

မုံရွာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲ (စတုတ္ထ)နေ့ ဖြေဆို
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး (စတုတ္ထ) နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုနေမှုအားမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း‌နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ နွေရာသီအခြေခံပန်းချီသင်တန်း (မူ/ဆင့်) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။
ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Feb 26,2024
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၇ သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွှေးချယ်တင်မြှောက်ခြင်းကို ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပသည်။
မြစ်ကြီးနားမြို့ (Community Centre) ၌ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့) စတင်ဖွင့်လှစ်
Feb 26,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်ရည်ရွယ်၍ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့) ကို ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈) နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၇) ရပ်ကွက်အတွင်းရောင်းချပေးကြသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျှော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲကျင်းပ
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား/သူများ၏ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစား ကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား ဖွင့်လှစ်
Feb 26,2024
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇာမင်္ဂလာနှင့် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစားကျောင်း ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၌ ကျင်းပသည်။