သတင်းများ

မိုင်းယုမြို့၌ နွေရာသီအခြေခံယဉ်ကျေးလိမ္မာ၊ ကွန်ပျုတာနှင့် အားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီအခြေခံယဉ်ကျေးလိမ္မာ၊ ကွန်ပျုတာနှင့် အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ နွေစပါးစိုက်ပျိုးမှုနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု အားပေး
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မိုင်းဆတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များကို မတ်လ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၃၄၀ စိုက်ပျိုးပြီးစီး
Mar 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၃၄၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မီးသတ်ဦးစီးဌာနက ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနစာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ၆-၃-၂၀၂၄ ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၂၆၈) ဦးထိရှိ
Mar 08,2024
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၄-ခုနှစ် မတ်လ (၁၁) ရက်မှ (၁၉) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျောင်းသား/ သူ (၂၆၈) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ညောင်ဦးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ မတ် ၇ ရက်၊ နံနက် ၉နာရီခွဲ အချိန်က စာမေးပွဲဖြေဆိုမည့် စာစစ်စင်တာများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။