သတင်းများ

ငဖဲမြို့နယ် ပြန်ကြည်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေး
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က သာယာကုန်းကျေးရွာအုပ်စု ပြန်ကြည်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စလင်းမြို့​ ပျိုးရင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပျိုးရင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ
Mar 08,2024
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ငပုတောမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ ကျောင်းသူ (၁၀၇၅) ဦး ဝင်ရောက်ဖြေဆို
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၇၅)ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသ ဆောင်ရွက်
Mar 08,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတပိုမိုရရှိစေရန်အတွက် ယမန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ  ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် (၅၆၈) ဦးရှိ
Mar 08,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်တွင်လည်း မတ်လ (၇)ရက်အထိ ‌တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ တင်ထားသော ကျောင်းသား၊ကျောင်းသူ (၅၆၈) ဦးရှိကြောင်း သိရသည်။
မုဒုံမြို့တွင် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
Mar 08,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မတ် ၆ ရက်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သည်။
နမ့်စန်မြို့ ကုန်းလမ်းကျေးရွာတွင် ယင်းနက်တိုင်းရင်းသားများအတွက် စက်ချုပ်သင်တန်း ဖွင့်လှစ်
Mar 08,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သည့် ယင်းနက်တိုင်းရင်းသားများအတွက် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ(Tourisum Village) တွင် ယမန်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။