ညောင်ဦး မတ် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ မတ် ၇ ရက်၊ နံနက် ၉နာရီခွဲ အချိန်က စာမေးပွဲဖြေဆိုမည့် စာစစ်စင်တာများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးခင်မောင်သန်းနှင့်မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးများ လိုက်ပါလျက် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၊ အခြေခံပညာအထန်းတန်းကျောင်း(တောင်ဇင်း) တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း