သတင်းများ

မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲ တက်ရောက်
Mar 05,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
တပ်ကုန်းမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း
Mar 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်ခင်းများ ပိုးမွှားကျရောက်မှုနည်းပါးပြီး ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းကာ အသီးလှိုင်လှိုင်ပေါ်ချိန် စျေးနှုန်းရရှိမှု နည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုရီးယားဘာသာအခြေခံသဒ္ဒါနှင့်စကားပြောသင်တန်း စတင်ဖွင့်လှစ်သင်ကြား
Mar 05,2024
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကိုရီးယားဘာသာစကားကိုအခြေခံမှစ၍ တတ်မြောက်နားလည်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကိုရီးယားဘာသာအခြေခံသဒ္ဒါနှင့်စကားပြောသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခိုလှုံလာကြသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများထံသို့ ထောက်ပံ့ငွေများပေးအပ်
Mar 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိခိုလှုံလာကြသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများထံသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ညောင်ရွှေမြို့ အဋ္ဌဒိသာဒေသစာရီစံကျောင်းတော်၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Mar 05,2024
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အောင်လံမြို့နယ်၌ နံဇူပင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် ဆိုလာစနစ်တွဲဖက်တပ်ဆင်ထားသော လုပ်ငန်းတစ်ခုဖြစ်ပြီး နွေစပါး(၁၀၀)ဧက စိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိ
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)အောက်တွင် မြစ်ရေတင်လုပ်ငန်း (၆)ခုရှိပြီး အကျိုးပြုဧက (၁၀၀၇၅)ဧက စိုက်ပျိုးရေပေးဝေလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံ​တောအင်း ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၊ ရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ဆောင်ရွက်လျက်ရှိသော ညံ​တောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။