ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

ပေါက်ခေါင်း မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာန(၁)ခုတွင် မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက  အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဆရာကြီး ဦးအေးလှိုင်နှင့် တာဝန်ကျ ဆရာကြီး၊ ဆရာမကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာန၌ မြန်မာစာဘာသာရပ်တွင် ကျား(၁၁၆)ဦး၊ မ(၁၇၈)ဦး၊ စုစုပေါင်း(၂၉၄)ဦး ဝင်‌ရောက်ဖြေဆိုပြီး၊ ပျက်ကွက်သူ ကျား(၁၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၁၂)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။  ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုရန် ကျား(၁၂၇)ဦး၊ မ(၁၇၉)ဦး၊ စုစုပေါင်း (၃၀၆)ဦး ဖြေဆိုရန် စာရင်းပေးထားပြီး၊ ပျက်ကွက်သူ (၁၂)ဦးရှိရာ ဖြေဆိုရာခိုင်နှုန်း  ၉၆ ဒဿမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သန်းထွန်းအောင်(ပြန်/ဆက်)