ညောင်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် စာစစ်ဌာနများသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

ညောင်ဦး  မတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိကြသော စာစစ်ဌာနများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်နှင့်တာဝန်ရှိသူများသည် စာဖြေစင်တာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်း ကျောင်း(ပုဂံ)၊ အခြေခံပညာအထက်တန်းကျောင်း(တောင်ဇင်း) စာဖြေဌာနတို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာစာဖြေဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော ကြီးကြပ်ရေးမှူးများ၊ အပြင်စည်းတို့တွင်တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေးတာဝန်ထမ်းဆောင်နေသော မီးသတ်တပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ဖြေဆိုလျှက်ရှိရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား (၁၅၄) ဦး၊ ကျောင်းသူ(၂၃၀)ဦး၊ စုစုပေါင်း (၃၈၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း