တံတားဦး မတ် ၁၁
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်းဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန(၂)ခုရှိသော်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တံတားဦး၊ စာစစ်ဌာနတစ်ခုဖြင့်သာ ဖြေဆိုလျက်ရှိပါကြောင်း တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)တို့မှ မြန်မာစာကိုဖြေဆိုရန် ကျောင်းသား(၁၄၇)ဦး၊ ကျောင်းသူ(၂၂၂)ဦး စုစုပေါင်း(၃၆၉)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၁၃၆)ဦး၊ ကျောင်းသူ (၂၁၃)ဦး စုစုပေါင်း(၃၄၉)ဦး ဖြေဆိုသူအားဖြင့် (၉၄.၅၈)ရာခိုင်နှုန်း ရှိပါကြောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ခဲတံ၊ ပေတံ၊ ခဲဖျက်တို့ကို လိုအပ်ပါက အခမဲ့ယူဆောင်နိုင်ကြောင်း စီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပါ၊ မပါစစ်ဆေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)