သရက်ချောင်း မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ (အ.ထ.က) သရက်ချောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်း စာစစ်ဌာန(၁)ခုထားရှိရာ (အ.ထ.က) သရက်ချောင်းစာစစ်ဌာနတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၉ ဦး ရှိရာ ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈ ဦး ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်(၁)ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ကျဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)