နွားထိုးကြီး မတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ စာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိတစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင်(၃)နာရီအကြာ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင်၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁ ခုဖြစ်သော အ.ထ.က၊ နွားထိုးကြီးတွင် စာရင်းရှိ ကျောင်းသား(၁၂၄)ဦးကျောင်းသူ (၂၆၉)ဦးရှိပြီး၊ စုစုပေါင်း (၃၉၃) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၁၆)ဦး၊ ကျောင်းသူ(၂၆၃)ဦး၊ စုစုပေါင်း (၃၇၉)ဦး ဝင်ရောက်ဖြေဆိုပြီး၊ ပျက်ကွက်ကျောင်းသား(၈)ဦး၊ ကျောင်းသူ (၆)ဦး၊ စုစုပေါင်း(၁၄)ဦး ပျက်ကွက်ကြောင်းကို မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်