ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပြင်ဦးလွင် မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် စာစစ်ဌာနများအနေဖြင့် အ.ထ.က(၁)၊ အ.ထ.က (၂)နှင့် အထ.က (၄) အစရှိသည့် စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိရာ အဆိုပါစာစစ်ဌာနများ၌ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်ပညာရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြင်ပစည်းလုံခြုံရေးတာဝန်ကျသည့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီပံ့ပိုးပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးကိစ္စရပ်များအား အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား (၉၈၁) ဦးနှင့် ကျောင်းသူ (၁၂၄၃) ဦး စုစုပေါင်း (၂၂၂၄) ဦး၊ ဖြေဆိုသူကျောင်းသား (၉၃၄) ဦးနှင့် ကျောင်းသူ (၁၁၉၉)ဦး စုစုပေါင်း (၂၁၃၃) ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့်ကျောင်းသား (၂၀) ဦးနှင့် ကျောင်းသူ (၂၂) ဦး စုစုပေါင်း (၄၂) ဦး ရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၉၁)ရှိကြောင်း ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းထံမှ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)