သတင်းများ

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ နွေစပါးသီးနှံများ စတင်စိုက်ပျိုး
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ နွေစပါးသီးနှံများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေးအတွက် ဘာသာရေးအဆောက်အဦးများအား စစ်ဆေးကြည့်ရှုကြပ်မတ်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းလက်တွေ့ပြသ
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ဘာသာရေးအဆောက်အဦများသို့ တာဝန်ရှိသူများ ကွင်းဆင်းကာ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား စစ်ဆေးကြည့်ရှုကြပ်မတ်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက် စွန္နီဂျာမေဗလီဝတ်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမင်းတြားကြီးကုသိုလ်တော် သမိုင်းဝင်ကျွန်းကျောင်းတော်ကြီးကို ရှေးမူမပျက် ပြုပြင်ပြီးစီးမှုအထိမ်းအမှတ် ရေစက်ချကုသိုလ် မင်္ဂလာအခမ်းအနားကျင်းပ
Feb 20,2024
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီး ဆောက်လုပ်ပြီး ပထမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့သော ကျွန်းကျောင်းတော်ကြီးကို ထိုင်းနိုင်ငံမှ အလှူရှင်များ၏ မတည်လှူဒါန်းပြီး မြန်မာနိုင်ငံမှ အလှူရှင်များ ၏ပါဝင်ကုသိုလ်လှူဒါန်းမှုတို့ဖြင့် ပြုပြင်ခဲ့ရာ အလုံးစုံ အောင်မြင်ပြီးဖြစ်သည့်အတွက် ပြုပြင်ပြီးစီးမှုအထိမ်းအမှတ် ရေစက်ချကုသိုလ်မင်္ဂလာ အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဖေဖော်ဝါရီလ (၁၈)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Feb 20,2024
ချမ်းအေးသာစံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအား ပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ပျော်ရွှင်ကြရာဝယ်” စာအုပ်အား ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။