ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ  ဖေဖော်ဝါရီ  ၂၀

ချမ်းအေးသာစံမြို့နယ်အတွင်း ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်း၊ ၂၇× ၂၈ လမ်းကြားရှိ Pharmacy ဆေးဆိုင်၊ ၂၇ လမ်း၊ ၇၃×၇၄ လမ်းကြားရှိ ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၇၁ လမ်း၊ ၂၈× ၂၉ လမ်းကြားရှိ ကိုမျိုးဆေးဆိုင်နှင့် အောင်ချမ်းသာဆေးဆိုင်တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ် ဦးစီးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ပပနိုင် ဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းသန့် ဦးစီးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝေယံကျော်၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးဝဏ္ဏအောင် ဦးစီးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူး ဦးမင်းသူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုကြီး ဒေါ်နိုင်နိုင်ဝေ ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးများ၊  ကျန်းမာရေး ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်