သတင်းများ

လသာမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ​ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Feb 21,2024
ရန်ကုန်တိုင်း​ဒေသကြီး၊​ လသာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မြို့နယ်အတွင်းရှိပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်ဝမ်းစာ​ရေးနှင့် စီးပွား​ရေး​​ဆောင်ရွက်နိုင်​​စေရန်ရည်ရွယ်၍ ပူးပေါင်းဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် (၁၀) နာရီခွဲအချိန်က လူထုအ​​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကျင်းပ
Feb 21,2024
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို မီးလောင်ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ သန့်ရှင်းသာယာလှပစေရေးစည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုး
Feb 21,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက. မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင် ဆိုင်းဘုတ်များတွင်  ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ဆေးကုသခြင်းဆောင်ရွက်
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေး​လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုးနဲမြို့နယ်၌ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေး
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ မြို့ပြပင်စင်စား၊ နိုင်ငံရေးပင်စင်စားနှင့် ဘဏ်ပင်စင်စား ၁၇၄ ဦးကို အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ပိတောက်ငုတ်(ရွာကြီး)ကျေးရွာရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး
Feb 21,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပိတောက်ငုတ်(ရွာကြီး)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးဆောင်ရွက်သည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club နှင့် Women Club များဖြင့်စာရေးဆရာ တက္ကသိုလ်စိန်မြင့်ထွန်းရေးသားသည့် “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။