ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ ကျင်းပ
Feb 20,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းစီး၊ သီးလုံး၊ ခွန်တောင်းကြီးကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒဏ်ရာရ၊ သေဆုံး၊ နေအိမ် မီးလောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။