ဒေးဒရဲ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ဘာသာရေးအဆောက်အဦများသို့ တာဝန်ရှိသူများ ကွင်းဆင်းကာ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား စစ်ဆေးကြည့်ရှုကြပ်မတ်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက် စွန္နီဂျာမေဗလီဝတ်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ ဘာသာရေးစာသင်ကျောင်းများနှင့် ဝတ်ပြုဗလီများတွင် မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန် ထားရှိမှုအခြေအနေများ၊ မီးချိတ်၊ မီးကပ်ထားရှိမှု အခြေအနေများနှင့် လျှပ်စစ်သွယ်တန်း သုံးစွဲမှုအခြေအနေများအား စစ်ဆေးကြည်ရှုခဲ့ကြပြီး မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် လိုအပ်မှုများအား လမ်းညွှန်မှာကြားခဲ့ပြီး အရေးပေါ်မီးငြှိမ်းသတ်နည်းများအား လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း