ဘိုကလေးမြို့နယ်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ
Feb 21,2024
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယ မဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှ ကြီးမှူး၍ (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီ(၁၈)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပဆောင်ရွက်ခဲ့ပြီး ယမန်နေ့နေ့လယ်(၁)နာရီ အချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆု ပေးအပ်ခြင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သည်။