သတင်းများ

ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 20,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကျေးရွာပြည်သူအယောက် ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေး
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်/နည်းပညာသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဌာနမှ  ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ စက်ရုံ/ အလုပ်ရုံမှ တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ (၃၁၅) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ မြက်တိုကျေးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း ပွင့်လင်းရာသီတွင်မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ၌ မြက်တိုကျေးရွာတွင်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်လှစ်
Feb 20,2024
မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးရုံးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၏ (၁၀) ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 20,2024
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၏ (၁၀)ကြိမ်မြောက်  ထမနဲထိုးပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၊ အင်္ဂါထောင့် (အရှေ့တောင်ထောင့်) ကားကွင်းနေရာတွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့ သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များ စိုက်ပျိုး
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့တွင်ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအဆင်ပြေ
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ စတင်ခူးဆွတ်ချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်
Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲ ပြုလုပ်ခဲ့ရာရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိသားစု စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေး‌ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။